Campus Full 2

MIIT အကြောင်းအရာ

၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော (MIIT) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုင်ရာ ပဏာမ လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည်။ မန္တလေးမြို့တွင်တည်ရှိသောကြောင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားများအတွက် ပညာသင်ယူရန် အချက်အချာနေရာတစ်ခုဖြစ်သည်။ MIIT သည် Computer Science & Engineering (CSE) နှင့် Electronics & Communication Engineering (ECE) ပရိုဂရမ်များကို လက်တွေ့ပိုင်းနှင့်ဆက်စပ်သင်ကြားပို့ချပေးသောကြောင့် ကျောင်းသားများအတွက် ပညာရေး အတွေ့အကြုံသစ်များရရှိရာနေရာဖြစ်သည်။

MIIT – အကြောင်းအရာအကျဉ်းချုပ်

  • ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ITတက္ကသိုလ်တစ်ခု
  • အိန္ဒိယ - မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု
  • ပညာသင်ကြားမှုကာလ (၅နှစ်)
  • စတင်ဖွင့်လှစ်ခဲ့သောအချိန် (၁၄.၁၂.၂၀၁၅)
  • နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့်အညီလက်တွေ့ပိုင်းနှင့်ဆက်စပ်သင်ကြားပို့ချမှု
  • သင်ကြားမှုပုံစံ {ကျောင်းသား(၄):ဆရာ(၁)}

ပေးအပ်သောဘွဲ့ဒီဂရိများ

  • 2 degree programmes, 1 postgraduate diploma
  • B.E. (Hons.) in Computer Science & Engineering
  • B.E. (Hons.) in Electronics & Communication Engineering
  • Postgraduate Diploma in Software Development

တက်ရောက်ကျောင်းသား/သူဦးရေ

  • စုစုပေါင်း = (၃၅၂) ဦး
  • ကျား = ၅၇% ၊ မ= ၄၃%

Latest News