About Miit 1

MIIT အကြောင်းအရာ  >

MIIT စတင်တည်ထောင်ခြင်း

၂၀၁၂ခုနှစ်မေလ၂၈ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် အိန္ဒိယနိုင်ငံအစိုးရတို့သည် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ကို စတင်တည်ထောင်ရန်အတွက်မန္တလေးမြို့တွင်နားလည်မှုစာချွန်လွှာ (MoU) ကိုရေးထိုးခဲ့ကြပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာသည် MIIT ကို အိန္ဒိယနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (IIITs) နည်းတူ တည်ထောင်လည်ပတ်ရန် ရည်ရွယ်ခဲ့ပါသည်။

နားလည်မှုစာချွန်လွှာအရ MIIT ကို ၂၀၁၅ခုနှစ်တွင်သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကောင်းမွန်သောအမျိုးသားဗဟိုဌာနတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၆ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနသည် ပညာရေး၀န်ကြီးဌာနနှင့် ပေါင်းစည်းသွားပြီး MIIT သည်ပညာရေး၀န်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။

IIIT-B သည် ၁၉၉၉ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၁၉နှစ်တာ အချိန်တိုကာလအတွင်း အောင်မြင်သည့် နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုအနေဖြင့်် ယနေ့အချိန်ထိ ရပ်တည်လျက်ရှိပါသည်။ IIIT-B ကို MIIT ၏ စံနမူနာတက္ကသိုလ်တစ်ခုအဖြစ် ထားရှိပြီး၊ ဒီဇင်ဘာလ၂၀၂၀ခုနှစ်တွင်မြန်မာနိုင်ငံမှပညာရှင် များထံသို့အောင်မြင်စွာ ဆောင်ရွက်နေသည့် MIIT အဖြစ် လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။

A short introduction to MIIT.

MIIT အကောင်အထည်ဖော်ဆောင်ရွက်မှုသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအတွက် အပြန်အလှန်အကျိုးရှိသော စီမံကိန်းတစ်ခုဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော အစိုးရမှS MIIT အတွက်မြေနေရာ၊ အဆောက်အဦးတည်ဆောက်မှု၊ လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်အစရှိသည်တို့ကို ထောက်ပံ့ပေးထားပြီး အိန္ဒိယအစိုးရဘက်မှ ငွေကြေး၊ နည်းပညာနှင့်သင်ကြားရေး ဆိုင်ရာအကူအညီများ ထောက်ပံ့ပေးထားပါသည်။ အချိန်တိုအတွင်း နိုင်ငံတကာအဆင့်မီအောင်မြင်သည့် တက္ကသိုလ်တစ်ခုအဖြစ် အသိအမှတ်ပြုလာစေမည့် သင်ကြားရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတို့ပါ၀င်ပါသည်။ အိန္ဒိယနိုင်ငံမှ ဆရာ၊ဆရာမများက MIIT ၏သင်ကြားရေးပိုင်းတွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများနှင့် ဦးဆောင်သင်ကြားပေးလျက်ရှိပြီး ဆရာ၊ဆရာမဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မှတဆင့် ဆရာ၊ဆရာမများကို သင်ကြားရေးပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်၍အရည်အချင်းပြည့်၀စေရန် ကူညီပေးလျက်ရှိပါသည်။

ဤစီမံကိန်းကြီးသည် MIIT ကိုမြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင်ပါ ထိပ်တန်း IT တက္ကသိုလ်တစ်ခုအဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခိုင်အမာ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် သတင်းအချက်အလက်နှင့်ဆက်သွယ်မှု နည်းပညာ (ICTs) သည် ပါ၀င်အားဖြည့်သကဲ့သို့ MIIT သည်လည်း အဓိကအခန်းကဏ္ဍမှ ပါ၀င်နိုင်မည်ဟုယုံကြည်ပါသည်။