Auditorium 1

MIIT အကြောင်းအရာ  >

MIIT ဘာကြောင့်ထူးခြားသလဲ?

MIIT ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောင်းမွန်ဆုံးသောအမျိုးသားဗဟိုဌာန (National Centre of Excellence) တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

MIIT သည် မြန်မာနိုင်ငံရှိ အခြားသောတက္ကသိုလ်များ၊ ပညာရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်များနှင့် ကွဲပြားခြားနားပါသည်။ တက္ကသိုလ် ၏ ပညာရေးဆိုင်ရာ လေ့လာပို့ချမှုများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးနည်းလမ်းများ၊ သင်ကြားပို့ချမှုများနှင့် အခြေခံအဆောက်အဦများစသည်တို့ကို အောင်မြင်နေသော အိန္ဒိယနိုင်ငံဘန်ဂလောရှိ နိုင်ငံတကာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကို စံပြု၍ ကမ္ဘာအဆင့်မီ စီစဉ်ဆောင်ရွက်ထားပါသည် (IIIT-B)။

ကမ္ဘာတစ်ဝန်း

ယခုအခါ မြန်မာနိုင်ငံရှိကျောင်းသား၊ ကျောင်းသူများသည် ကမ္ဘာအဆင့်မီ ပညာရေးဆိုင်ရာ အခွင့်အလမ်းများကို မန္တလေးမြို့တွင်စရိတ်သက်သာစွာဖြင့် သင်ယူနိုင်ပြီဖြစ်ပါသည်။ သင်ကြားရေးပိုင်းတွင်လည်းကျောင်းလခသက်သာစွာဖြင့် IIIT-B မှ ပါမောက္ခများနှင့် ၂၀၂၀ခုနှစ်အထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

MIITတွင် သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေးနည်းလမ်းများသည် နိုင်ငံတကာအဆင့်မီဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအား ကမ္ဘာတစ်ဝန်းရှိ IT ကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်များတွင်စွန့်ဦးတီထွင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် အဓိကထားစီစဉ်ရေးဆွဲထားပါသည်။

MIIT ၌ တာဝန်ထမ်းဆောင်နေသော Myanmar faculty မှဆရာ၊ ဆရာမများကို အရည်အသွေးပြည့်မီသောဆရာ၊ဆရာမများ၊ သုတေသနပညာရှင်များဖြစ်လာစေရန် IIIT-B မှ လေ့ကျင့်ပေးလျက်ရှိပါသည်။

အခြေခံအဆောက်အဦ

MIIT ၌ စာသင်ခန်းများနှင့် လက်တွေ့စမ်းသပ်ခန်းများကို ကမ္ဘာ့အဆင့်မီ ဆောက်လုပ်ထားပါသည်။ ၂၀၁၈အစောပိုင်းတွင် data centre ၌ ခေတ်မီနည်းစနစ်များနှင့် အင်တာနက်ချိတ်ဆက် အသုံးပြုမှုတို့ကို လည်ပတ်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၈ခုနှစ်တွင် online မှ တိုက်ရိုက်သင်ယူနိုင်မည့်အစီအစဉ်ကို စာသင်ခန်းနှစ်ခန်းဖြင့် စတင်လည်ပတ်ရန်ရည်ရွယ်ထားသည်။ IIIT-B မှ ထိပ်တန်းပါမောက္ခများ၏ သင်ကြားပို့ချမှုများကို MIIT မှ ကျောင်းသူ၊ကျောင်းသားများ သင်ယူခွင့်ရရှိနိုင်မည်ဖြစ်သည်။

လုပ်ငန်းစဉ်

MIIT ကို ခိုင်မာပြီး စနစ်ကျသော လုပ်ငန်းစဉ်များနှင့်အညီ လည်ပတ်နေသော အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ မကြာသေးမီက တည်ထောင်ခဲ့သော တက္ကသိုလ်တစ်ခု ဖြစ်သော်လည်း MIIT သည် ပညာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် Academia ဟုခေါ်သော enterprise resource planning (ERP) system ကိုအကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပါသည်။ ဤသို့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များထဲတွင် ပထမဆုံးတက္ကသိုလ်တစ်ခုဖြစ်သည်။

သင်ထောက်ကူ

MIIT ဝင်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူတိုင်းကို laptop တစ်လုံးစီ ထောက်ပံ့ပေးထားပါသည်။ ကျောင်းသား၊ ကျောင်းသူများသည် ယင်း laptop များဖြင့် သင်ယူမှုနှင့်လက်တွေ့လုပ်ဆောင်မှုများအပြင် online မှ eBooks များကိုလည်းအချိန်နေရာမရွေး ဖတ်ရှုလေ့လာနိုင်ပါသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအသုံးပြုနိုင်ရန်အတွက် လက်တွေ့စမ်းသပ်ခန်းများလည်း ထားရှိပါသည်။

လုပ်ငန်းခွင်

MIIT ၏ ထူးခြားချက်မှာ တက္ကသိုလ်နှင့်လုပ်ငန်းခွင်ချိတ်ဆက်မှုရှိခြင်းပင် ဖြစ်သည်။ MIIT သည် ကုမ္ပဏီများ၊ လက်တွေ့စမ်းသပ်ခန်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်မှုများရှိလာရန် ရည်ရွယ်ထားသည်။ ကျောင်းသား၊ ကျောင်းသူများကို ကမ္ဘာ့အဆင့်မီ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးရန်နှင့် တက္ကသိုလ်နယ်မြေသို့ IT ကုမ္ပဏီများမှ လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း စီစဉ်ထားသည်။

MIIT ၏ ရည်မှန်းချက်များ ပြည့်မီစေရန် မြင့်မားသောလုပ်ငန်းစွမ်းဆောင်ရည် သတ်မှတ်ထားပါသည်။ ယင်းလုပ်ငန်းစဉ်ကို IT ကုမ္ပဏီတစ်ခုဖြစ်သော Tata Consultancy Services ၏ ယခင်ဥက္ကဌ၊ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ S. Ramadorai ကဦးဆောင်လျက်ရှိပါသည်။ မစ္စတာ S. Ramadorai ကို အိန္ဒိယနိုင်ငံရှိ Software နည်းပညာဇုံတစ်ခုအား တာဝန်ယူဆောင်ရွက်ခဲ့သော မစ္စတာ Vijaya Raghavan နှင် IIIT-B အား (၂၀) နှစ်တာ ကာလအတွင်း နာမည်ကျော်ကြားသော တက္ကသိုလ်တစ်ခုဖြစ်လာရန် ပြုစုပျိုးထောင်ခဲ့သော IIIT-B ၏ ဒါရိုက်တာ၊ ပါမောက္ခ S. Sadagopan တို့ကကူညီပံ့ပိုးပေးပြီး MIIT ကိုလည်း IIIT-B ကဲ့သို့ တက္ကသိုလ်တစ်ခုဖြစ်လာရန် ရည်ရွယ်ထားသည်။