Academic Calendar 1

News  >

Enrollment for 2022-2023 Academic Year

ကျောင်းသား/ကျောင်းသူများသိရှိစေရန် ထပ်မံအကြောင်းကြားခြင်း

ဒုတိယပညာသင်ကာလတက်ရောက်မည့် ‌ကျောင်းသား/ကျောင်းသူများ

ကျောင်းသား/ကျောင်းသူများသိရှိစေရန် ထပ်မံအကြောင်းကြားခြင်း

၁။ ပထမနှစ်(ဒုတိယပညာသင်ကာလ)သင်တန်းမှ ကျောင်းသား/ကျောင်းသူများနှင့်

၂။ ဒုတိယနှစ်(ဒုတိယပညာသင်ကာလ)သင်တန်းမှ ကျောင်းသား/ကျောင်းသူများမှ

အားလုံးတို့သည် ( ၁-၆-၂၀၂၃) ရက်နေ့မှစတင်၍ ကျောင်းစတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

  • ကျောင်းအဆောင်နေကျောင်းသား/‌ကျောင်းသူများသည် (၂၉-၅-၂၀၂၃)ရက်နေ့မှ စတင်၍ ကျောင်းဆောင်လျှောက်လွှာများကို ကျောင်းသားရေးရာဌာနတွင် လျှောက်ထားရန် ။
  • လိုင်စင်ဓါတ်ပုံ ၁ ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းနှင့် အိမ်ထောင်စု ဇယားမိတ္ထူ (၁)စောင် တစ်ပါတည်းယူဆောင်လာရန် ။



ပထမပညာသင်ကာလ တက်ရောက်မည့် ‌ကျောင်းသား/ကျောင်းသူများ

၁။ ဒုတိယနှစ်(ပထမပညာသင်ကာလ)သင်တန်းမှ ကျောင်းသား/ကျောင်းသူများ

၂။ တတိယနှစ်(ပထမပညာသင်ကာလ)သင်တန်းမှ ကျောင်းသား/ကျောင်းသူများ

၃။ စတုတ္ထနှစ် (ပထမပညာသင်ကာလ)သင်တန်းမှ ကျောင်းသား/ကျောင်းသူများနှင့်

၄။ ပဉ္စမနှစ် (ပထမပညာသင်ကာလ)သင်တန်းမှ ကျောင်းသား/ကျောင်းသူများ

အားလုံးတို့သည် (၂၃-၅-၂၀၂၃) ရက်နေ့မှ စတင်၍ ကျောင်းအပ်နှံရမည်ဖြစ်ပြီး

  • ( ၁-၆- ၂၀၂၃) ရက်နေ့မှစတင်၍ ကျောင်းစတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
  • ကျောင်းအပ်နှံမည့်ကျောင်းသား/ကျောင်းသူများသည် လိုင်စင်ဓါတ်ပုံ ၅ ပုံ ယူဆောင်လာရန်
  • *ကျောင်းအဆောင်နေကျောင်းသား/‌ကျောင်းသူများသည် ရပ်ကွက်ထောက်ခံစာမူရင်းနှင့် အိမ်ထောင်စု ဇယားမိတ္ထူ (၁)စောင် တစ်ပါတည်းယူဆောင်လာရန် နှင့် ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာတင်သွင်းရန် အကြောင်းကြားပါသည်။