အကြောင်းအရာသို့ ကျော်သွားရန်
Myanmar Institute of Information Technology
  • Home
  • About MIIT
    • Overview
    • Origins
    • Mission and Vision
    • Why is MIIT Special?
    • News
    • Events
    • Announcements
  • Admissions
    • Overview
    • Bachelor’s Degree Programmes
    • Master’s Degree Programmes
    • Postgraduate Diplomas
    • Fees and Scholarships
  • Academics
    • Overview
    • Bachelor’s Degree Programmes
    • Master’s Degree Programmes
    • Postgraduate Diplomas
    • Courses
    • 2024-2025 Academic Calendar
    • 2025-2026 Academic Calendar
  • Collaboration
    • University & Institute Collaboration
    • Organizational Collaboration
  • Faculties & Staff
  • Campus
    • Mandalay
    • Campus Tour
    • Facilities
    • Resources
    • Contact

Academic

Explore Academic

  • Academic Overview
  • Bachelor’s Degree Programmes
  • Master’s Degree Programmes
  • Postgraduate Diplomas
  • Courses
  • 2022-23 Academic Calendar
  • 2023-24 Academic Calendar

Share this page

f t in

Philosophy

MIIT ၏ ပညာရေးဆိုင်ရာ မူဝါဒ/သဘောတရားသည် MIIT ၏ အစဉ်အမြဲ လမ်းညွှန်သင်ကြားပေးသော မိခင်တက္ကသိုလ်ဖြစ်သည့် ဘန်ဂလို အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (IIIT-B) ၏ အောင်မြင်သော သင်ရိုးညွှန်းတမ်း ဘာသာရပ်များမှ များစွာ အတုယူ အခြေခံထားခြင်း ဖြစ်သည်။ ထိုပညာရေး မူဝါဒ၏ ဗဟိုချက်မှာ ကျယ်ပြန့်သော သင်ရိုးညွှန်းတမ်းနှင့် ဟန်ချက်ညီ ပေါင်းစပ်ထားသော ပညာရေးစနစ်ပေါ်တွင် တည်ရှိပြီး သင်္ချာ၊ သိပ္ပံ၊ အင်ဂျင်နီယာဆိုင်ရာ သိပ္ပံဘာသာရပ်များနှင့် ဆက်သွယ်ပြောဆိုရေး ကျွမ်းကျင်မှုဆိုင်ရာ ခိုင်မာသော အခြေခံအုတ်မြစ်များအပြင် ဘာသာရပ်ပေါင်းစုံ ပေါင်းစပ်သင်ယူမှုနည်းလမ်းကို များစွာ အလေးပေးထားသည်။ MIIT မှ ကျောင်းသားများသည် အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များကိုသာ အာရုံစိုက်သင်ယူရသည်မဟုတ်ဘဲ ဝိဇ္ဇာနှင့် လူမှုရေးရာ အထွေထွေဗဟုသုတ ဘာသာရပ်များ (Liberal Studies) ကိုပါ လေ့လာခွင့် ရရှိကြသည်။

ဤသင်ရိုးညွှန်းတမ်း ရေးဆွဲမှုသည် ရလဒ်အခြေပြု သင်ယူမှုစနစ် (Outcome-based learning) ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံအများစုရှိ အခြေခံပညာရေး၏ အဓိက အားနည်းချက်မှာ အလွတ်ကျက်မှတ်ခြင်း (Rote learning) ကို ဦးစားပေးထားခြင်းပင် ဖြစ်သည်။ MIIT သည် ၎င်း၏ လူငယ်ကျောင်းသားများအကြား စွဲကပ်နေသော မည်သည့်အလွတ်ကျက်မှတ်မှုမျိုးကိုမဆို စနစ်တကျ ဖျက်သိမ်းရန် ကြိုးပမ်းသည်။ MIIT သည် ဆာမတ်စတာ (Semester) တစ်ခုလုံးတွင် ဆန်းစစ်အကဲဖြတ်မှု နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ အစဉ်မပြတ် ဆန်းစစ်အကဲဖြတ်သည့် စနစ် (Continuous evaluation) ကို ကျင့်သုံးသောကြောင့် သင်ယူလေ့လာခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်းတို့သည် အမြဲတမ်း ဒွန်တွဲ လျက်ရှိသည်။

လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော နည်းပညာအဆန်းသစ်များ ပေါ်ထွက်နေသည့် ခေတ်ကာလတွင် သင်ကြားပေးရမည့် ဘာသာရပ်များ၊ လေ့လာသင်ယူရမည့် အကြောင်းအရာများနှင့် အလုပ်ခန့်အပ်သည့် အဖွဲ့အစည်းများက တောင်းဆိုလိုလားသည်များမှာ အစဉ်မပြတ် ပြောင်းလဲလျက်ရှိသည်။ MIIT သည် ၎င်း၏ သင်ရိုးညွှန်းတမ်းကို ပြုပြင်ပြောင်းလဲရလွယ်ကူအောင် ပုံစံထုတ်ထားပြီး ကျောင်းသားများအနေဖြင့် လျင်မြန်စွာ ပြောင်းလဲနေသော နည်းပညာနယ်ပယ်၏ စိန်ခေါ်မှုများကို ကောင်းစွာ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် “မည်သို့ စနစ်တကျ သင်ယူလေ့လာရမည် (Learn how to learn)” ကို ကူညီသင်ကြားပေးပါသည်။

MIIT မှ လက်ရှိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ပညာရေးသင်တန်း အစီအစဉ်များ၏ အသေးစိတ်အချက်အလက်များကို အောက်တွင် လေ့လာကြည့်ရှုနိုင်ပါသည် –

Bachelor’s Degree Programmes
Master’s Degree Programmes
Postgraduate Diploma
MIIT Logo
Myanmar Institute of Information Technology

73rd Street, Ngu Shwe Wah Street
Chanmyathazi Township, Mandalay
Myanmar

Visitor Count 349

About MIIT
Origins Mission and Vision Why is MIIT special? Senate Milestones Collaborations News Events Media Announcements Frequently Asked Questions (FAQs)
Admissions
Bachelor’s Degree Programmes Master’s Degree Programmes Postgraduate Diplomas Fees and Scholarships Testimonials
Academics
Bachelor’s Degree Programmes Master’s Degree Programmes Postgraduate Diplomas Courses 2024-25 Academic Calendar 2025-26 Academic Calendar
People
Administration Faculty Staff Faculty Development Directory
Campus
Mandalay Campus Tour Facilities Stories Resources Contact

© 2026 MIIT. All Rights Reserved.